Spring Revolution Database (SRD) မှတ်တမ်းပြုစုရသည့် အဓိကရည်ရွယ်ချက်မှာ နွေဦးတော်လှန်ရေးတွင် အကြမ်းဖက်စစ်တပ်ကျူးလွန်ထားသည့် ကျူးလွန်ထားသောစစ်ရာဇဝတ်မှုများကို မှတ်တမ်းအဖြစ်ထိမ်းသိမ်းရန်နှင့် နွေဦးတော်လှန်ရေးတွင် အသက်ပေးကျဆုံးသွားသူများ၊ ထိခိုက်နစ်နာခဲ့သူများအား ပြည်သူလူထုလက်ခံသော အစိုးရတရပ်ပေါ်ထွက်လာချိန်တွင်ဂုဏ်ပြုပေးရန်အတွက်ဖြစ်ပါသည်။ ထို့အပြင် အကြမ်းဖက်တပ် ကျူးလွန်ထားသောစစ်ရာဇဝတ်မှုများကို ပြည်တွင်းတရားရုံး၊ နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆို ပြီး တရားမျှတမှုများဖော်ဆောင်နိုင်ရန်နှင့် တရားစွဲဆိုရာတွင်လိုအပ်သော အချက်အလက်မှတ်တမ်း၊ ဓာတ်ပုံ၊ ဗွီဒီယို အထောက်အထားများကို ပြည်တွင်းနှင့်နိုင်ငံတကာအဖွဲ့အစည်းများအား ပံ့ပိုးပေးရန်ရည်ရွယ်ပြီး SRD ကို ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။
